ဘာလို့ မနက်ခင်းမှာပဲ ဖား🐸 စားခိုင်းတာလဲ ❓
ကျနော် သိပ်ကြိုက်တဲ့ စာရေးဆရာ Mark Twain ပြောခဲ့တာလေး ရှိတယ်။
If it’s your job to eat a frog, it’s best to do it first thing in the morning
ပြောရရင်
မင်းအလုပ်က ဖားစားရမယ့် အလုပ်ဆိုရင် ပထမဆုံး မင်းလုပ်ရမှာက မနက်ခင်းမှာ စားဖို့ပဲ
ဆိုတော့ ဖားဆိုတာ ဘာလဲ ❓
တကယ်တော့ ဒီနေရာမှာ ဖားဆိုတာ ကိုယ့်ရဲ့ အခက်ခဲဆုံး၊ စိန်ခေါ်မှုအကြီးဆုံး တာဝန်တွေကို ဆိုလိုတာပါ။ ပိုနားလည်အောင်ပြောရရင် ကိုယ့်ရဲ့ ခက််ခဲတဲ့ တာဝန်တွေဟာ ကိုယ်စားရမယ့် ဖားလေးတွေပေါ့။
ပြောရရင် "ခါးတဲ့ဆေး အရင်သောက်" ဆိုတဲ့ သဘောပါပဲ။ 🌟
ဘာလို့ မနက်ခင်းမှာပဲ ဖားစားခိုင်းတာလဲ ❓
မနက်ခင်းဆိုတာ ကျနော်တို့အတွက် အထူးခြားဆုံးနဲ့ Productive အဖြစ်ဆုံး အချိန်မို့ပါ။
နံနက်အစောပိုင်းမှာဆိုရင် -
🧠 ဦးနှောက်က အားအကောင်းဆုံးဖြစ်တယ်။
(ဥပမာ - ကျောင်းသားတွေ နံနက်ပိုင်း စာကျက်ရင် ပိုမှတ်မိတာမျိုး။)
🤫 အနှောင့်အယှက်နည်းတယ်။
(ဥပမာ - လုပ်ငန်းခွင်မှာ နံနက်စောစော ရောက်ရင် အလုပ်ပိုပြီးစီးတာမျိုး။)
💪 စွမ်းအားပြည့်ဝတယ်။
(ဥပမာ - အားကစားသမားတွေ နံနက်ပိုင်း လေ့ကျင့်ရင် ပိုထိရောက်တာမျိုး။)
ဒါဆို ဖားကို စနစ်တကျ ဘယ်လိုစားမလဲ ❓
✨၁။ ဒီနေ့လို ညနေခင်းမှာ မနက်ဖြန်အတွက် တာဝန်စာရင်းလေး (To do list) ပြင်ဆင်ထားပါ။
✨၂။ အဲဒီထဲက အခက်ခဲဆုံး တာဝန်တစ်ခုကို ရွေးချယ်ပါ။ (ဒါဟာ သင့်ရဲ့ဖားပါ)
✨၃။ မနက်မိုးလင်းတာနဲ့ အဲဒီတာဝန်ကို ဦးစားပေးလုပ်ဆောင်ပါ။ (မနက် ၅ နာရီ မှ ၇ နာရီကြား စတင်လုပ်ဆောင်ပါ)
💡 ဖားစားတော့မယ်ဆို ဒါကို သတိပြု📌
ကြီးလွန်းတဲ့ ဖားကို ရွေးစားမိရင် -
အခန့်မသင့်က စားပိုးနင်မယ်။
အစာမကြေလည်း ဖြစ်နိုင်တဲ့အပြင်
စားမကုန်တာမျိုး ဖြစ်ပြီး
စားရမယ့် ဖားကို မျက်မုန်းကျိုးသွားတဲ့အထိ ဖြစ်နိုင်ပါတယ်။
ရှုပ်မသွားအောင် ရှင်းရရင် -
တာဝန်ကို သင့်လျော်အောင် ရွေးချယ်ပါ။
အရမ်းကြီးလွန်းတဲ့ တာဝန်တွေကို ရှောင်ပါ။
သင့်ရဲ့ ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ တာဝန်ကို ဦးစားပေးပါ။
နံနက်ခင်းမှာ အခက်ခဲဆုံးတာဝန်ကို ရင်ဆိုင်နိုင်ရင် ကျန်တဲ့ တစ်နေ့တာလုံးဟာ စိတ်ကျေနပ်မှု အပြည့်နဲ့ ချိုမြိန်သွားပါလိမ့်မယ်။
ဆိုတော့ -
မနက်ဖြန် နံနက်ခင်းလေးမှာ ဘယ်ဖားလေးကို အရင်စားမလဲလို့ တွေးနေပြီလား ❓
ကိုယ့်ရဲ့ပထမဆုံး ဖားလေး လွတ်မသွားအောင် ဒီညနေမှာ To do list လေးနဲ့ သေချာဖမ်းထားပြီး
မနက်ခင်းစောစောမှာ အားရပါးရ ဝါးစားပစ်လိုက်ပါ။✨
Ps; ဖားမကြိုက်တဲ့သူကတော့ ကြိုက်တာတစ်ခုခု စားလိုက်ပါ။ ကျနော်ကတော့ ဖားမကြိုက်လို့ ချောကလက်တွေလို့ပဲ တွေးပြီး စားလိုက်တယ်:)
ဒါနဲ့ မနက်ဖြန်က စပြီး ဖားစားမယ့်သူလေးတွေ ရှိရင် အခုစာလေးကို Reactပေးပြီး
ကိုယ်စားမယ့် အရာ တစ်ခုခု မန့်သွားခဲ့ပါဦးဗျ🙌🏼
ဘယ်သူတွေ ဖား🐸 စားမလဲ သိချင်ပါတယ်✨🙌🏼

